Pages

Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Sunday, December 13, 2015

ချစ်သူအတွက်ကဗျာ

ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ….မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့
သစ္စာဆိုရဲပါတယ်
ကိုယ်မင်းကို သိပ်ချစ်တယ်
 
Blogger Templates